Breaking News

ရည်မှန်းချက် နှင့် ရည်ရွယ်ချက်


ရည်မှန်းချက်

စီးပွားရေးကဏ္ဍအသီးသီးရှိ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အရည်အသွေးမြင့်မားသော ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားများ သည်လည်း NSSA၏ ကျွမ်းကျင်မှုစံနှုန်းများနှင့်အညီ အရည်အသွေးအာမခံနိုင်ရန် ရည်မှန်းပါသည်။


ရည်ရွယ်ချက်

အစိုးရနည်းပညာအထက်တန်းကျောင်း(ပခုက္ကူ)သည် သင်ယူသူတို့အား အလုပ်အကိုင်ရရှိ ရန်နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် အသိပညာရပ်များ၊ ကျွမ်းကျင်မှုများနှင့် တတ်ကျွမ်း မှုများကို သင်ကြားပေးရန်ဖြစ်ပါသည်။ ထူးချွန်သူများကို တစ်ဆင့်မြင့်သင်တန်း တက်ရောက်ခွင့်ရရန် နှင့် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြုကာလတို သင်တန်းများဖွင့်လှစ်ပြီး ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေး၍ နိုင်ငံတော်၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။